၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကသာခရိုင်မှ ဝိဇ္ဇာတွဲအမှတ်အများဆုံးရရှိသူ (၁၀) ဦးတွင် (၁)ဦးပါဝင်ပြီး ခရိုင်အဆင့်အောင်ချက်ရာခိုင်နှုန်း (၆၆.၃၆)ရှိ

ကသာ ဇွန် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာတွဲ၌ အမှတ်အများဆုံးရရှိသူ (၁၀)ဦးတွင် (၁)ဦးပါဝင်ပြီး ခရိုင်အဆင့် အောင်ချက်ရာခိုင်နှုန်း (၆၆.၃၆) ရှိကြောင်း သိရသည်။

ကသာခရိုင်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ (၄၄၀)ဦးရှိပြီး အောင်မြင်သူဦးရေ (၂၉၂)ဦးရှိရာ ‌အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၆၆.၃၆) ရာခိုင်နှုန်းရှိကြောင်း သိရသည်။ အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကသာခရိုင်မှ (၄)ဘာသာဂုဏ်ထူးရရှိသူ (၅)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ (၆)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ (၈)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ (၂၉)ဦးရှိပြီး ဘာသာရပ်အလိုက်ဂုဏ်ထူးရရှိသူ မြန်မာစာ (၂)ဦး၊ အင်္ဂလိပ်စာ (၂)ဦး၊ သင်္ချာ (၂၁)ဦး၊ ဓာတုဗေဒ (၁၄)ဦး၊ ရူပဗေဒ (၄)ဦး၊ ဇီဝဗေဒ (၇)ဦး၊ ပထဝီဝင် (၁၀)ဦး၊ သမိုင်း (၁၃)ဦး၊ ဘောဂဗေဒ (၁၀)ဦးရှိကြောင်းနှင့် ကသာမြို့ အ.ထ.က (၃)ကျောင်းမှ (၄)ဘာသာဂုဏ်ထူးရရှိသူ မရီဝေလင်း (စကသ-၄၃၄)သည် ဝိဇ္ဇာတွဲ၌ အမှတ်အများဆုံးရရှိသူ (၁၀)ဦးတွင် (၁)ဦးပါဝင်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရှိရသည်။

ကျော်စွာထွန်း(ကသာ)