ဘုတ်ပြင်း ဇွန် ၁၁
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ယနေ့နံနက်က ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပညာရေးမှူးရုံးနှင့် အ.ထ.က ဘုတ်ပြင်းစာစစ်ဌာနတွင် အောင်စာရင်းများ ထုတ်ပြန်ကြောင်း သိရသည်။
ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဘုတ်ပြင်းမြို့နယ်မှ (၁၅၄)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူ(၅၀)ဦးရှိရာ နှစ်ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၄)ဦးရှိ၍ အောင်ချက် ရာခိုင်နှုန်းမှာ (၃၂.၄၇)ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)
