နတ်မောက် ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ယမန်နေ့နံနက်ပိုင်းက စာအုပ်စာစောင်များ အခမဲ့သွားရောက်ငှားရမ်းပေးခဲ့သည်။
နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ဌာနဆိုင်ရာများသို့ နှစ်ပတ်လျှင်(၁)ကြိမ် စာအုပ်စာစောင်များကို လဲလှယ်၍ အခမဲ့ငှားရမ်းပေးလျက်ရှိသည်။ ထို့ပြင် ကျောင်းဖွင့်ရာသီရောက်ရှိလာပြီးဖြစ်သည့်အတွက် မြို့ပေါ်ရှိ အခြေခံပညာရေးကျောင်းများသို့ ကျောင်းသား/သူများ စာဖတ်သည့် အလေ့ကျင့်ကောင်းများ ပိုမိုကောင်းမွန်လာစေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန်၊ စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာသည့်အပြင် စာပေများမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ငှားရမ်းပေးလျက်ရှိရာ ရက်သတ္တပတ်ပြည့်လျှင် တစ်ကြိမ် စာအုပ်စာစောင်သစ်များ လဲလှယ်ငှားရမ်းပေးလျက်ရှိသည်။
လှဝင်း
 
    