အောင်လံ ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျှော့ချသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၈ နာရီခွဲက ဆောင်ရွက်ခဲ့သည်။
အဆိုပါ အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်မသုံးစွဲရေးနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Campaign များ ဆောင်ရွက်လျက်ရှိရာ (၁၁.၆.၂၀၂၄) ရက်နေ့တွင် အဖွဲ့ပိုင် မြို့မစျေးကြီး၌ အဆိုပါ Campaign အား ပြုလုပ်ခဲ့ပြီး အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ စျေးကော်မတီဝင်များ၊ စည်ပင်ကော်မတီများ၊ စုစုပေါင်း(၁၀)ဦးတို့မှ ပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)
 
    