ပဲခူးမြို့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (၃၃)ကြိမ်မြောက် နှစ်ပတ်လည်နေ့ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းပွဲပြုလုပ်

ပဲခူး ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှဦးဆောင်၍ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (၃၃)ကြိမ်မြောက် နှစ်ပတ်လည်နေ့ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်းပွဲ အခမ်အနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးမိခင်နှင့်ကလေးစာင့်ရှောက်ရေးအဖွဲ့ နာယကဒေါ်စိုးစိုးသက်က အဖွင့်အမှာစကားပြောကြားပြီး ဥက္ကဋ္ဌဒေါ်နန်းမြင့်သီတာက မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၏ (၃၃)ကြိမ်မြောက် နှစ်ပတ်လည်နေ့ လမ်းညွှန်မှာကြားချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးမိခင်နှင့်ကလေးစာင့်ရှောက်ရေးအဖွဲ့ နာယကဒေါ်စိုးစိုးသက်မှ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် သုတေသနစာတမ်းထူးချွန် ပထမရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အကြံပေးပုဂ္ဂိုလ် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီဟနှင့် ပညာရေးကဏ္ဍထူးချွန်ပထမဆုရရှိအောင်စွမ်းဆောင်နိုင်ခဲ့သည့် ပဲခူးတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာတို့အား မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်ပြီး သားဖွားခန်းရှိသောမြို့နယ်များအား ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အကြံပေးပုဂ္ဂိုလ် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီဟမှ သုတေသနစာတမ်းထူးချွန်ပထမဆုငွေ ကျပ်သိန်း(၂၀)အား ပဲခူးတိုင်းဒေသ ကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့သို့ ပေးအပ်လှူဒါန်းပြီး (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် တင်သွင်းခဲ့သည့် သုတေသနစာတမ်းအားဖတ်ကြားရှင်းလင်း သည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများက ပဲခူးတိုင်းဒေသကြီးမိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ၂၀၂၃ခုနှစ် လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်း video အား ကြည့်ရှုပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားအားဆက်လက်ကျင်းပပြုလုပ်ရာ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ သာယာဝတီ၊ နတ်တလင်း၊ ပြည်ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ၂၀၂၃ခုနှစ် ရှေ့လုပ်ငန်းစဥ်(၁၆)ရပ်နှင့်ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု့ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ၂၀၂၄ခုနှစ်၊ ပထမလေးလပတ်အတွင်း ဆောင်ရွက်မှုများအသီးသီး ဆွေးနွေးတင်ပြကြပြီး ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အဖွဲ့ဝင်ဒေါ်အေးအေးငြိမ်းက အစီရင်ခံစာလုပ်ငန်းဆောင်ရွက်မှုဇယား(၁၉)မျိုးဖြည့်စွက်နည်းအား ရှင်းလင်းတင်ပြကာ ပဲခူးတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းမြင့်သီတာက လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ သုံးသပ်ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)