ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ကန်ကြီးထောင့်  နိုဝင်ဘာ  ၁၂

ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေးနှင့် မီးဘေးကြိုတင် ကာကွယ်ရေးတို့အတွက် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဆေးရုံများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး ဦးဆောင်သော သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များနှင့် ဒါးကနယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့နယ်ပြည်သူ့ဆေးရုံ၊ ဒါးက တိုက်နယ်ဆေးရုံနှင့် ကျိုက်လတ်တိုက်နယ် ဆေးရုံတို့တွင် မီးသတ်ဆေးဘူးများ ပြည့်စုံလုံလောက်စွာ ထားရှိမှု ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ သက်တမ်းကျော်လွန်မှု ရှိ/မရှိ၊ ဆေးရုံအတွင်း လျှပ်စစ်ဝါယာ ကြိုးများနှင့် လျှပ်စစ်မိန်းခုံများ ကောင်းမွန်မှု ရှိ/မရှိ တို့ကို လိုက်လံစစ်ဆေးခဲ့ပြီး မီးဘေးလုံခြုံရေး ဆိုင်ရာများနှင့် လိုအပ်သည်များကို အကြံပြု ပြောကြားခဲ့ကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)