ရွှေဘိုခရိုင် ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ(၃) ဦး ဆင်း ခွင့်ရ

ခင်ဦး နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကုသနေသော ကိုဗစ်-၁၉ အတည်ပြု လူနာ (၃) ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ (၁၂) နာရီက ဆေးရုံမှ ဆင်းခွင့်ရရှိပြီ ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

ဆေးရုံမှ ဆင်းခွင့်ရရှိသူ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦးမှာ ရန်ကုန်မှပြန်လာသူ ကုတ္တက်ကျေးရွာမှ အမျိုးသမီး သုံးဦးဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့က ဆေးရုံတက်ရောက်ကုသနေသူများဖြစ်ပြီး ယခုအချိန်တွင် ကျန်းမာရေး ကောင်းမွန်၍ ကိုဗစ်ရောဂါလက္ခဏာ မတွေ့ရသဖြင့် ဆေးရုံဆင်းခွင့်ရရှိကြောင်း၊ မိမိကျေးရွာတွင်(Home Quarantine) အဖြစ် တစ်ပတ်ဆက်လက်နေထိုင်သွားရန်နှင့် ကျန်းမာရေးဌာနက ညွှန်ကြားချက်နှင့်အညီ နေထိုင်ကြရန် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာစန်းယုကိုက မှာကြားခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၃) ဦးကို မြို့နယ် ကြက်ခြေနီအသင်းမှ ၎င်းတို့နေအိမ်သို့ လိုက်လံပို့ဆောင်ခဲ့ကြောင်း နိုဝင်ဘာလ ၁၀ ရက်နေ့က ဆေးရုံတက်ရောက်ကုသနေသော ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ ရန်ကုန်မှ ပြန်လာသူ ကံသာယာကျေးရွာမှ အမျိုးသမီး နှစ်ဦး၊ မုံတောတောင်ကျေးရွာမှ အမျိုးသမီး တစ်ဦး စုစုပေါင်း (၃) ဦးလည်း ဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။

ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၂) ဦးရှိခဲ့ပြီး ၎င်းတို့မှာ ရန်ကုန်ပြန်များ ဖြစ်ကြပြီး နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဆေးရုံတွင် ကုသနေသည့် လူနာမရှိတော့ကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)