မြောင်းမြ ဇွန် ၁၀
မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများအား တစ်ဦးချင်း စွမ်းဆောင်ရည်မြင့်မားစေရန်နှင့် စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် နည်းစနစ်ကျစွာ ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ အခြေခံစာကြည့်တိုက်သင်တန်း (၁/၂၀၂၄) ကို ယနေ့နံနက် (၉) နာရီအချိန်က ဖွင့်လှစ်သင်ကြား ပို့ချခဲ့သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးရုံး ညွှန်ကြားရေးမှူး ဒေါ်ယဉ်ဆွေဝင်းက သင်တန်းဖွင့်လှစ်ပို့ချရခြင်းရည်ရွယ်ချက်နှင့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဘာသာရပ်ဆိုင်ရာသင်တန်းနည်းပြများက မြန်မာနိုင်ငံနှင့် ကမ္ဘာ့စာကြည့်တိုက်များသမိုင်း၊ စာကြည့်တိုက်ဖွဲ့စည်းပုံ၊ ကက်သလောက်လုပ်ငန်း၊ ရည်ညွှန်းလုပ်ငန်း၊ မျိုးတူစုလုပ်ငန်း၊ စာစု၊ စာပြု၊ စာငှားလုပ်ငန်း၊ DLMS စနစ်ရေးသွင်း အသုံးပြုနည်းနှင့် စာအုပ်စာစောင်ထိန်းသိမ်းနည်း စသည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည်များအား ပို့ချပေးခဲ့ရာ ဝန်ထမ်းများက စိတ်ပါဝင်စားစွာ တက်ရောက်သင်ယူခဲ့ကြသည်။
အဆိုပါ သင်တန်းကို မြောင်းမြခရိုင်အတွင်းမှ ဝန်းထမ်း (၁၀) ဦး တက်ရောက် သင်ယူလျက်ရှိပြီး၊ သင်တန်းကာလမှာ ဇွန်လ (၁၀) ရက်နေ့မှ (၁၂) ရက်နေ့အထိ သုံးရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)