ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထောက်ပံ့အားပေး

တောင်ငူ ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နေ့နံနက်ပိုင်းက တောင်ငူမြို့၊ လေတပ်စခန်းဌာနချုပ်၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ် မြေအတွင်း လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆဌမအကြိမ်မြောက် သွားရောက်ထောက်ပံ့ အားပေးခဲ့သည်။  

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။                  

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အကြမ်းဖတ်သောင်းကျန်းသူများထံ ဖမ်းဆီးရမိသည့်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည့် တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေ (၂၀၁)သိန်းကျပ်အားလည်းကောင်း၊ မိမိဆန္ဒလျောက် လုံခြုံရေးတာဝန် ပြန်လည်ထမ်းဆောင်နေသည့် စစ်မှုထမ်းဟောင်းများအား တစ်ဦးလျှင် ထောက်ပံ့ကြေးငွေ ()သိန်းနှုန်းစီဖြင့် (၁၇၂)သိန်းနှင့် စားသောက်ဖွယ်ရာတို့အား သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့လည်းကောင်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်က တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား သီးခြားဂုဏ်ပြုငွေများ ပေးအပ်ခဲ့သည်။ 

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး တက်ရောက်လာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။    

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် တပဖွဲ့ဝင်များနှင့် စစ်မှုထမ်းဟောင်းများအတွက် ထောက်ပံ့ငွေနှင့် စားသုံးကုန်တန်ဖိုး စုစုပေါင်း ကျပ်သိန်း(၄၀၀)ကျော် ဂုဏ်ပြုထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)