စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်၊လာကာချောင်းကူးသံကူကွန်ကရစ် တံတားရာ နှုန်းပြည့်ပြီးစီး

ကောလင်း နိုဝင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ် ကောလင်း-ဥက္ကံ - ကြို့ပင် - ထိန်အင်း - မီချောင်း အင်း လမ်းပေါ်ရှိ လာကာချောင်းကူးသံကူကွန်ကရစ်တံတား ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

လာကာချောင်းကူးသံကူကွန်ကရစ် တံတာအား ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ( ၄၀၀.၀၀ )သန်းဖြင့် ၂၄ -၂ -၂၀၂၀ ရက်နေ့က လုပ်ငန်း စတင်ဆောင်ရွက်ခဲ့ပြီး တံတားမှာအရှည် ၂၅၀ ပေ (၇၆.၂၀ မီတာ) အကျယ် ၂၀ပေ (၆.၁၀ မီတာ) ယာဥ်သွားလမ်းအကျယ် ၁၈ပေ (၅.၄၈၆မီတာ)ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့မှ တည်ဆောက်ခဲ့ ခြင်းဖြစ်သည်။

ယခုအခါ ၎င်းတံတားသည် ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်၍ ကောလင်းအနောက်ခြမ်းရှိ လာကာ၊ အိုင်ကြီးဥက္ကံ၊မိုးနှံ၊ကြို့ပင်စသည့်အုပ်စုများနှင့် ပင်လည်ဘူးမြို့နယ်မှမိချောင်းအင်းမှ ကျွန်းလှမြို့ နယ် နှင့်ကောလင်းမြို့နယ်သို့လည်းကောင်း၊ထို့အပြင်မူးမြစ်အနောက်ခြမ်းရှိ ကျွန်းလှမြို့နယ် အုပ်စုများ မှ ကောလင်းမြို့နယ် ယင်းတိုက်တံတားမှတစ်ဆင့်ကောလင်းမြို့နယ် လာကာ ချောင်းကူး တံတားသို့ဖြတ်ကာ လည်းကောင်းကောလင်းမြို့နယ်အတွင်း သို့ရာသီမရွေး သွားလာနိုင်မည့် တံတားတစ်စင်းဖြစ်ကြောင်းသိရသည်။

မြင့်ထွန်းမင်း(ကောလင်း)