တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆဋ္ဌမအကြိမ်မြောက် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

တောင်ငူ ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆဋ္ဌမအကြိမ်မြောက် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူလေတပ်စခန်း ဌာနချုပ်ရှိ (၅၀၀) ဆံ့ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်သိုက်တို့က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် ဒိုက်ဦးမြို့နယ်များအတွင်း PDF အကြမ်းဖက်သမားများထံ ပို့ဆောင်မည့် လက်နက်၊ ခဲယမ်း၊ Drone၊ Star Link နှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများစွာတို့အား ဖော်ထုတ်ဖမ်းဆီးရမိအောင် တာဝန်ကျေပွန်စွာ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသည့် စစ်ပြန်စစ်မှုထမ်းဟောင်းများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ဆက်လက်၍ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်သိုက်က တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်သိုက်နှင့် တပ်နယ်မှ စစ်ဘက်ဆိုင်ရာအရာရှိကြီးများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)