ထန်းတပင်မြို့နယ်တွင် အဘိတ်ဆေးခတ်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် နှိမ်နင်းရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ထန်းတပင်(ပဲခူး) ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများသို့သွားရောက်၍ အသိပညာပေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။

အဆိုပါအသိပညာပေး ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောင်းများဖွင့်ချိန်တွင် ကျောင်းသား ကျောင်းသူများ ခြင်အန္တရာယ်မှကင်းဝေးစေရန်နှင့် ခြင်ကြောင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားအန္တရာယ်ကင်းဝေးစေရန် ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေး ဝန်ထမ်းများနှင့် ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူများပူးပေါင်း၍ ကျောင်းအတွင်းရှိ ရေစည်၊ ရေကန်၊‌ ရေအိုးများ၊ ဘုရားပန်းအိုးများတွင် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ပိုး လောက်လန်းများရှာဖွေခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများအပြင် ခြင်များပေါက်ပွားမှုမရှိစေရန် ပတ်ဝန်းကျင်သန့်ရှင်းရေး အသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေသော စာသင်ကျောင်းများကိုလည်း အလှည့်ကျစနစ်ဖြင့် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး သွေးလွန်တုပ်ကွေး တိုက်ဖျက်ရေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)