စလင်း ဇွန် ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီး အတွင်း၊ အပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရေး ပလတ်စတစ်အိတ်သုံးစွဲမှုလျှော့ချသုံးစွဲ လျော့နည်းသက်သာစေရန် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှဝန်ထမ်းများက ယနေ့နံနက် (၈)နာရီအချိန်က ကွင်းဆင်းအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန ဒုဦးစီးမှူး ဦးနန်းဦးမောင်နှင့် စည်ပင်သာယာဦးစီးဌာနမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးဝင်းဗိုလ်နှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့များ ပါဝင်သောအဖွဲ့များလိုက်ပါ၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပလတ်စတစ်အိတ်လျှော့ချသုံးစွဲရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးခဲ့ကြောင်း သိရသည်။
ထိုသို့ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ကြီးကြပ်၍ မြို့မစျေးကြီးအဝင်ဆိုင်းပုတ်ရှေ့နှင့် စျေး အတွင်း၊ အပြင် ရောင်းချလျက်ရှိသည့် အသားတန်းနှင့် အသီးအရွက်ရောင်းချသည့် စျေးဆိုင်ခန်းများ၊ မိမိတို့ဒေသမှထွက်ရှိသော ကြာဖက်၊ ငှက်ပျောဖက်များနှင့် အင်ဖက်စက္ကူတို့နှင့် ထုပ်ပိုးရောင်းချရန် ပလတ်စတစ်အိတ်များအစား ထုပ်ပိုးရာတွင် လွယ်သူစေသည့် ကြာဖက်၊ ငှက်ပျောဖက်များကို အသုံးပြုကြရန်နှင့် ပလတ်စတစ်အိတ်အလွန်အကျွံသုံးစွဲ၍ ဘေးထွက်ဆိုးကျိုးများရှိစေနိုင်၍ မသုံးစွဲကြရန်ဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)