အုတ်တွင်း ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်လာစေရန် ဂေဟစနစ်ထိန်းညှိရန်၊ ဒေသခံပြည်သူများအား သီးပင်၊ စားပင်များနှင့် နှစ်ရှည်ပင်များစိုက်ပျိုးသည့် အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ညောင်ပင်ကြီးကျေးရွာရှိ ဗောဓိရတနာကျောင်းတိုက်ဝင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းသန်းထိုက်နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၂၅၀) ဦးတက်ရောက်ခဲ့ကြပြီး၊ ကျွန်း၊ မဟော်ဂနီ၊ စိန်ပန်း၊ ခရေ၊ ပျဥ်းမ၊ မန်ကျည်း၊ ဒန့်ဒလွန်၊ ပိန္နဲ၊ သခွတ်၊ ကံ့ကော်၊ ပိတောက်စုစုပေါင်း(၅၂၅)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)