ချောင်းသာမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ချောင်းသာ ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ မိုးရာသီတွင်အဖြစ်များသည့်  သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ပူးပေါင်းအဖွဲ့များက အမှတ် (၂) ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခြင်မှဆစ်ဆင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါများ ကာကွယ်နိုင်​ရေးနှင့် ပိုး‌လောက်လမ်းပေါက်ဖွားမှုမှ ကာကွယ်နိုင်​ရေးတို့အတွက် ခြင်များအလွယ် တစ်ကူခိုအောင်းနိုင်သည့် ရေတင်ကျန်နိုင်သော ကားတာယာ‌ဟောင်းများ၊ ဘူးခွက်များ၊ ရေပုံး၊ ရေအိုး၊ ရေခွက်များကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေတိုင်ကီနှင့် ကျောက်စည်ပိုင်း၊ ရေတွင်း၊ ရေကန်များအား အဘိတ် (abate) ဆေးခတ်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ချောင်းသာမြို့ ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ မြို့အထွေထွအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်မြေမီးသတ်စခန်းနှင့် ကြက်ခြေသူနာပြုတပ်ဖွဲ့တို့ပူးပေါင်းပြီး ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)