ငပုတော ဇွန် ၁၀
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုမျှတပြီး အပူချိန်ထိန်းညှိပေးရန်၊ သစ်တောသယံဇာတ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက ငပုတောမြို့နယ်၊ အရှေ့ပိုင်းရပ်ကွက် ရွှေကြက်မင်းအောင်သိဒ္ဓိဓာတ်ပေါင်းစု စေတီတော်မြတ်အတွင်း ပုရဝုဏ်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် မြို့နယ်သစ်တောဦးစီးအရာရှိ ဦးဝင်းထွန်းနိုင်တို့က မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများထံ ပျိုးပင်များပေးအပ်ခဲ့ပြီး မြို့နယ်ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီး ရေးရာအသင်းဝင်များ၊ မြို့နယ်မိခင်နှင့်ခလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဆရာ/ဆရာမ များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း အင်အား(၁၂၅)ခန့်တို့က ပျဉ်းဂတိုး (၁၀၀) ပင်၊ မန်ဂျန်ရှား (၂၀၀)ပင်၊ ခရေ (၅၀)ပင်၊ ယမနေ (၁၅၀)ပင်၊ စုစုပေါင်း ပျိုးပင် (၅၀၀)တို့အား စုပေါင်း စိုက်ပျိုးခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)