မော်လိုက် ဇွန်လ ၉
ကျောင်းသား/ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်းက လူငယ်များအတွက် အောင်မြင်ရေးနည်းလမ်းများ (သို့) ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် လူငယ်များဗဟုသုတရရှိစေရန် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြီး ဆရာမ ဒေါ်လတ်လတ်ချိုက လူငယ်များအတွက် သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် ဟောပြောပွဲသို့ ပြန်/ဆက်ဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)