ငပုတောမြို့နယ် အလယ်ကျွန်းဒေသ သင်္ကန်းကုန်းကျေးရွာအုပ်စုတွင် မိုးစပါးရေတော်မိုးတော်စိုက်ဧရိယာတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မြေမြှုပ်ပွဲအခမ်းအနားနှင့် လက်ဆွဲမျိုးစေ့ချကိရိယာ Drum Seeder’s ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ငပုတော ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အလယ်ကျွန်းဒေသ သင်္ကန်းကုန်းကျေးရွာအုပ်စုတွင် မိုးစပါးရေတော်မိုးတော်စိုက်ဧရိယာတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မြေမြှုပ်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဦးထွန်းမျိုးသန့်နှင့်ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဝင်းနှင့်ဝန်ထမ်းများ ကျေးရွာအုပ်စု (၅)အုပ်စုမှ ဒေသခံတောင်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူက ယခုနှစ်မိုးရာသီ မိုးစပါးရေတော် မိုးတော်စိုက်ဧရိယာအားလုံးတွင် သစ်စိမ်းမြေဩဇာ(ပိုက်‌ဆံလျှော်)ထည့်သွင်းစိုက်ပျိုးနိုင်ရေး ပြောကြားပြီး တောင်သူ ဦးခင်သောင်း၊ ဦးမောင်ကြီး၊ ဒေါ်သိန်းသိန်းတို့၏ လယ်မြေ (၁၀)ဧက တွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မြေမြှုပ်ပွဲအခမ်းအနားကို တက်ရောက်ကြည့်ရှု့အားပေးသည်။ ယခုနှစ်မိုးရာသီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) တစ်ဧကလျှင် ပျှမ်းမျှ (၁၁.၅)တန် မြေမြုပ်နိုင်ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကြဲခင်းစနစ်ပပျောက်စေရေးအတွက်  လက်ဆွဲမျိုးစေ့ချကိရိယာ Drum Seeder’s ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ စိုက်ပျိုးရေးနည်းစနစ်သစ်များကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်ရည်ရွယ်၍ တောင်သူများထံ ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး လက်ဆွဲမျိုးစေ့ချကိရိယာ Drum Seeders များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)