မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

ကွေး ဇွန် ၈

၂၀၂၄ ခုနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ် အောက်အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက  မကွေးတိုင်းဒေသကြီး အားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌  ကျင်းပရာ အခမ်းအနား သို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ခေတ္တဌာန ချုပ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊  တိုင်းဒေသကြီး ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက အမျိုးသား ဗိုလ်လုပွဲစဉ်အဖြစ် မကွေးမြို့နယ်အသင်းနှင့် ပခုက္ကူမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု အားပေးရာ မကွေးမြို့နယ်အသင်းက  ဆယ်တစ်ဂိုးပြတ်ဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အမျိုးသား၊ အမျိုးသမီး အကောင်းဆုံးဂိုးသမားဆု၊ ဂိုးသွင်းအများဆုံးဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု၊ ပူးတွဲတတိယဆု၊ ဒုတိယဆုနှင့် အမျိုးသမီးဖူဆယ်ပြိုင်ပွဲ ပထမရရှိသည့် မကွေးမြို့နယ်အသင်းအား ဆုဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုများကို အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ခေတ္တဌာနချုပ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများကလည်းကောင်း၊  အမျိုးသား ဖူဆယ်ပြိုင်ပွဲ ပထမရရှိသည့် မကွေးမြို့နယ်အသင်းအား ဆုဆွဲပြား၊ဆုကလပ်နှင့် ငွေသားဆုကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ သည်။

အဆိုပါ မြို့နယ်ပေါင်းစုံ အသက်(၂၅) နှစ်အောက်  အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ အသင်း(၁၉)သင်းက အုပ်စုပတ်လည်ကစား၍ ဇွန်လ ရက်နေ့မှ ၈ ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

အောင်ကို (ဖန်ခါးမြေ)