ပခုက္ကူ ဇွန် ၆
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေလိုအပ်လျက်ရှိသည့် မြို့ပေါ်ရပ်ကွက်နေပြည်သူများထံ ဇွန်လ၅ရက်မှစတင်ပြီး မီးသတ်ရေသယ်ယာဉ်များဖြင့် လှူဒါန်းရာ ယနေ့အထိ ရေဂါလန် ၂၄၀၀၀ အထိ လှူဒါန်းနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ သောက်သုံးရေလှူဒါန်းရာတွင် ပခုက္ကူမြို့နယ် မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက သောက်သုံးရေလိုအပ်လျက်ရှိသည့် မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် စာသင်ကျောင်းများထံ မီးသတ်ရေသယ်ယာဉ်များဖြင့် အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းပေးလျက်ရှိရာ ဇွန်လ၅ရက်တွင် ရေဂါလန် ၁၂၈၀၀၊ ဇွန်လ၆ရက်တွင် ရေဂါလန် ၁၁၂၀၀၊ စုစုပေါင်းသောက်သုံးရေဂါလန် ၂၄၀၀၀ လှူဒါန်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊ သောက်သုံးရေလိုအပ်နေသော ပြည်သူများထံ သွားရောက်လှူဒါန်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဘာမီသာ(ပခုက္ကူ)