တောင်ငူမြို့၌ ရေခဲသေတ္တာ Safeguard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

တောင်ငူ ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၂) ရပ်ကွက်၊ တေဇာခင်ဦး (၂)လမ်းတွင် ယနေ့ နံနက် (၀၀:၅၅)နာရီအချိန်က ရေခဲသေတ္တာ Safeguard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရာ နေရာသို့ တောင်ငူခရိုင်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဥ် (၂)စီး၊ တောင်ငူမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ် (၃)စီး၊ မီးသတ်​ရေသယ်ယာဥ်(၁)စီး၊ မဟာမေတ္တာအသင်းမှ မီးငြှိမ်းသတ်ယာဥ် (၁)စီး၊  ရေသယ်ယာဥ် (၁)စီး၊စုစုပေါင်း မီးငြှိမ်းသတ်ယာဥ် (၄)စီး၊ ရေသယ်ယာဥ် (၄)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦး၊ အရန်မီးသတ် (၁၀)ဦးတို့ဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ကြောင်း၊  သွပ်မိုး၊ အုတ်ညှပ် (၁)ထပ်ခွဲ နေအိမ်တစ်လုံးနှင့် သွပ်မိုး၊ ပျဥ်ခင်း၊ ထရံကာ (၂)ထပ်နေအိမ်၏ အပေါ်ထပ်အနည်းငယ်မီးလောင်ကျွမ်းခဲ့ကြောင်း၊  မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် မီးပေါ့ဆသုံးစွဲသူအား အမှုဖွင့်အရေးယူ ဆောင်ရွက် ထားကြောင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ခရိုင် (ပြန်/ဆက်)