ဖရူဆို နိုဝင်ဘာ ၁၂
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲတွင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးပဲ့ဒူ က အဖွင့်အမှာ စကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်း က အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် လွတ်တော်ကိုယ်စားလှယ်များက ဖရူဆိုမြို့နယ်အတွင်းရှိ မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၄) အုပ်စုတို့မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၁၁၉၇) စု အတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၂၃၉၄၀၀၀၀) ကို စတုတ္ထအကြိမ် ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်စု တာဝန်ခံဌာနဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးပဲ့ဒူ၊ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဒေါ်လွှီးဇာနှင့် ဒေါ်ရှားမူ၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြ ကြောင်း သိရသည်။
တောရယ်ပြန်/ဆက်