နတ်မောက်မြို့နယ်တွင် မိုးနေကြာများ စတင်စိုက်ပျိုး

နတ်မောက် ဇွန် ၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများသည် ဒေသတွင်းစားသုံးဆီဖူလုံရေး ဆီထွက်သီးနှံ မိုးနေကြာစတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။

ကျွန်မတို့ အခုလိုဆပ်မျိုးနေကြာနှင့် ဆင်းရွှေကြာ(၂)နေကြာမျိုးများ အထွက်နှုန်းတိုးတက်စေရေး စံပြကွက်များ စိုက်ပျိုးခြင်း၊ မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးခြင်းဖြင့် နေကြာစိုက်တောင်သူများ မျိုးကောင်း မျိုးသန့်များ စိုက်ပျိုးနိုင်ခြင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်လာခြင်း၊ ဝင်ငွေကောင်းလာစေခြင်း၊ လူနေမှုဘ၀ဖွံ့ဖြိုးတိုးတက်လာစေခြင်း စတဲ့အကျိုးကျေးဇူးများကို တောင်သူတွေခံစားရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ စိုက်ပျိုးရတာဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက ပြောသည်။

နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံနေကြာ၂၉၈၃၅ ဧက စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး မိုးနေကြာအထွက်နှုန်းတိုးတက်စေရေးနှင့် တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးသန့်ပွားများရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရေဆင်း (၁) ဆပ်မျိုးနေကြာနှင့် ဆင်းရွှေကြာ(၂)နေကြာမျိုးများ ဖြန့်ဖြူးစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မူမူစန်း