မြန်အောင်၌ ၂၀၂၄ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မြန်အောင်  ဇွန် 

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရန်၊ ရာသီဥတုမျှတပြီး အပူချိန်ထိန်းညှိပေးရန်၊ သစ်တောသယံဇာတ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်က မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊  မြန်အောင်ရေနံမြေဝန်းအတွင်း ကျင်းပပြုလုပ်သည်။

ဦးစွာမိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​မျိုး​လှိုင်​က အဖွင့်အမှာစကားပြောကြား၍ ပျိုးပင်များပေးအပ်ခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော် ၊ မြန်အောင်/ ရွှေပြည်သာရေနံမြေ အထွေထွေမန်နေဂျာ ဦးကြည်လွင်နှင့်ရေနံမြေဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးခိုင်-၂နှင့် သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်အောင်ခရိုင် အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်း နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ခလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဆရာ/ဆရာမများ၊၊ကျောင်းသား/ကျောင်းသူများ စုစုပေါင်း အင်အား(၃၀၀)ခန့် တို့က ကျွန်း (၁၀၀) ပင်၊ မန်ဂျန်ရှား (၁၀၀)ပင်၊ မဟော်ဂနီ (၅၀) ပင် ၊ ခရေ (၅၀)ပင်၊ ဗန်ဒါ(၅၀)ပင်၊ ကံကော် (၅၀)ပင်၊ ရေတမာ(၁၀၀)ပင်၊ စိန်ပန်း(၅၀)ပင် စုစုပေါင်း အပင်ပေါင်း(၆၀၀)တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။  

ဝင်းဗိုလ်(ပြန်/ဆက်)