သဲကုန်း​မြို့နယ်တွင် လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား နယ်လှည့်ဆေးကုသယာဉ်ဖြင့် (အခမဲ့) ကွင်းဆင်းဆေးကုသပေး

သဲကုန်း ဇွန်     

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လူမှုဖူလုံရေးအဖွဲ့ (MOBILE MEDICAL UNIT) ဆေးကုသယာဉ်နှင့် သုခမင်္ဂလာ ရောဂါရှာ​ဖွေရေးမှ တာဝန်ရှိ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းသည့် နယ်လှည့်ကျန်းမာရေးစစ်ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက် (၉) နာရီမှ စတင်ကာ သဲကုန်းမြို့နယ်အတွင်းရှိ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား (အခမဲ့)ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် လူမှုဖူလုံရေးအဖွဲ့ ဆေးကုသယာဉ်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ​သုခမင်္ဂလာရောဂါရှာဖွေရေးမှ တာဝန်ရှိကျန်းမာရေး ဝန်ထမ်းများ၊ လူမှုဖူလုံရေးဦးစီးအရာရှိ ဒေါ်သန်းဝင်းကြည်နှင့် ဝန်ထမ်းတို့က ပူးပေါင်းပြီး သဲကုန်း​မြို့နယ်အတွင်းရှိ အလုပ်ဌာန (၁၂၀)ဌာနမှ  မြို့နယ်လူမှုဖူလုံရေးရုံးအကျုံးဝင် မှတ်ပုံတင်ထားသည့် အာမခံလုပ်သား (၇၁၃)ဦးတို့အား ဓာတ်ခွဲစစ်ဆေးမှုများ၊ နှလုံးအတွက် ECG စစ်ဆေးခြင်းများ၊ ကိုယ်အလေးချိန်၊ သွေးပေါင်ချိန်ခြင်း၊ ကျန်းမာရေးစစ်ဆေးမှုတို့ ပြုလုပ်ခြင်းတို့နှင့်အတူ လိုအပ်သော ဆေးဝါးများ ထောက်ပံ့ကုသပေးခြင်း၊ ပြသသောအာမခံလုပ်သား၏ ကျန်းမာရေးပေါ် မူတည်၍ စစ်ဆေးစောင့်ကြည့်လမ်းညွှန်ကုသခြင်းဇွန်လ ၄ ရက်မှ ၅ ရက်နေ့အထိ  လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံလုပ်သားများအား ဆက်လက်၍  ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် နယ်လှည့်ကွင်းဆင်းစစ်ဆေး ကုသသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)