ဒီးမော့ဆိုမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု (၅၈၁၂) စုအား စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်

ဒီးမော့ဆို       နိုဝင်ဘာ        ၁၂

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ တစ်ဖက်တစ်လမ်းမှ အထောက် အကူဖြစ်စေရေးအတွက် နိုင်ငံတော်မှ အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာ တာဝန်ရှိသူများ က သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်ရှိ ဌာနဆိုင်ရာ တစ်ခုချင်းအလိုက် တာဝန်ပေးအပ် ပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ရပ်ကွက်၊ ကျေးရွာအရောက် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်စေကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ် မြို့မရပ်ကွက်တွင် အိမ်ထောင်စု ၂၀၉ စု၊ ငွေတောင်အုပ်စုတွင် အိမ်ထောင်စု ၉၆၄ စု၊ ဒီးမော့ဆိုအုပ်စုတွင် အိမ်ထောင်စု ၅၅၀ စု၊ စံပြ()မိုင်အုပ်စုတွင် အိမ်ထောင်စု ၄၇၆ စု၊ ဝါဘန်းပလို့အုပ်စုတွင် အိမ်ထောင်စု ၂၁၇ စု၊ ဆောင်ဒူလာအုပ်စုတွင် အိမ်ထောင်စု ၉၇ စု၊ ဒေါတော်ကူးအုပ်စုတွင် အိမ်ထောင်စု ၉၂  စု၊ မြလဲအုပ်စုတွင် အိမ်ထောင်စု ၁၂၁ စု၊ ဝါသောခို ရွာသစ်အုပ်စုတွင် အိမ်ထောင်စု ၁၀၇ စု၊ နောင်ပုလဲအုပ်စုတွင် အိမ်ထောင်စု ၁၅၃ စု၊ ဆောင်ဒူ ရွာသစ်အုပ်စုတွင် အိမ်ထောင်စု ၃၁၈ စု၊ သေးဆူလဲအုပ်စုတွင် အိမ်ထောင်စု ၄၀၅ စု၊ ဒေါဘူးကူး အုပ်စုတွင် အိမ်ထောင်စု ၉၂ စု၊ ပန်ပက်အုပ်စုတွင် အိမ်ထောင်စု ၁၃ စု၊ လိုပူအုပ်စုတွင် အိမ်ထောင်စု ၉၆ စု၊ ဒေါရောက်ခူအုပ်စုတွင် ၁၀၅ စု၊ ဒေါတမကြီးအုပ်စုတွင် အိမ်ထောင်စု ၁၅၁ စု၊ ဒေါဖုအုပ်စုတွင် အိမ်ထောင်စု ၁၆၁ စု၊ ထီးဖိုးကလိုးအုပ်စုတွင် အိမ်ထောင်စု ၂၀၇ စု၊ ဒေါကလော်ဒူအုပ်စုတွင် အိမ်ထောင်စု ၂၁၅ စု၊ ခူးပရာအုပ်စုတွင် အိမ်ထောင်စု ၁၅၉ စု၊ ဟိုဝမ်အုပ်စုတွင် အိမ်ထောင်စု ၂၁ စု၊ လိုဘာခိုအုပ်စုတွင် အိမ်ထောင်စု ၁၄၀ စု၊ ဆင်တောင်အုပ်စုတွင် အိမ်ထောင်စု ၃၀၆ စု၊ ဘုရားဖြူ အုပ်စုတွင် အိမ်ထောင်စု ၁၂၅ စု၊ အိုကေအုပ်စုတွင် အိမ်ထောင်စု ၁၈၆ စု၊ နန်းမယ်ခုံမြို့ ခေါ်ခု ကယား၊ ခေါ်ခုရှမ်း၊ မြို့မကယန်းနှင့် မြို့မရှမ်းရပ်ကွက်တို့တွင် အိမ်ထောင်စု ၁၂၆ စု စုစုပေါင်း အိမ်ထောင်စု ၅၈၁၂ စုအတွက် ငွေကျပ် ၁၁၆၂၄၀၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ရီရယ်(ဒီးမော့ဆို)