နတ်တလင်း ဇွန် ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးမှ သုံးသီးနွေစပါးအချိန်မီ ရိတ်သိမ်းနိုင်ရေး၊ သီးထပ်စွမ်းအားတိုးမြှင့်စိုက်ပျိုးနိုင်ရေး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းစဥ်များ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေး၊ MSME လုပ်ငန်းရှင်များအား ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေး၊ မိုးဦး၊ လေဦးကာလတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ် လာနိုင်သည့်အတွက် ရပ်ကွက်/ကျေးရွာများတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိနိုင်ရေး၊ မိုးရာသီကာလတွင် လမ်းဘေးဝဲယာများ၌ သီးပင်စားပင်းများ စိုက်ပျိုးနိုင်ရေး၊ မြို့ရွာသန့်ရှင်းသာယာလှပစေရေး အလေးထားဆောင်ရွက်နိုင်ရေးနှင့် လုံခြုံရေးကိစ္စများ အထူးဂရုစိုက်ဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာအကြီးအကဲများက ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို အသီးသီးဆွေးနွေးတင်ပြခဲ့ပြီး ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက လိုအပ်ချက်များကိုမေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)