ရွှေတောင်မြို့နယ်တွင် နွေစပါးစိုက်ခင်းများအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းမှုများဆောင်ရွက်

ရွှေတောင် ဇွန် ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း နွေစပါးစိုက်ပျိုးထားသော လယ်မြေဧကများတွင် နွေစပါးများအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းမှုများ ဆက်လက်လုပ်ဆောင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ နွေစပါးစိုက်ခင်း စပါးခြွေလှေ့စက်ဖြင့်ရိတ်သိမ်း၍ စံနှုန်းတိုင်းတာခြင်း၊ အထွက်နှုန်းချိန်တွယ်တိုင်းတာခြင်းများဆောင်ရွက်ခဲ့ရာ စပါးတစ်ဧကအထွက်နှုန်းအစိုတင်း ( ၁၄၀ ဒဿမ ၆၅)တင်းမှ ( ၁၇၀ ဒဿမ၆၅)တင်း ထွက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်အနေဖြင့် ယခုနှစ်နွေစပါးလျာထားဧက(၁၉၂၇)တွင် စိုက်ဧက(၂၅၇၉) စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားဧကထက်(၆၅၂)ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး ဗီယက်နမ်စပါးမျိုးနှင့် ရတနာတိုးစပါးမျိုးများ စိုက်ပျိုးခဲ့ကြကြာင်း သိရသည်။

မြို့နယ်အတွင်း နွေစပါးစိုက်တောင်သူများ တစ်ဧကအထွက်နှုန်း ကောင်းမွန်စေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကောင်းမျိုးသန့်များဖြန့်ဖြူးခြင်းနှင့် စိုက်ပျိုးရေးနည်းပညာများ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း( ပြန် / ဆက်)