လပွတ္တာမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးများ ခတ်ပေး

လပွတ္တာ ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် အဘိတ်ဆေးများခတ်ပေးခြင်းကို ယနေ့နံနက် ၈ နာရီတွင် အမှတ် (၅) ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းလုပ်ငန်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ ကျန်းမာရေးဦးစီးဌာန၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများစုစုပေါင်းအင်အား (၁၀၀)ဦးခန့်ဖြင့် အဖွဲ့ (၁၀) ဖွဲ့ခွဲ ကာ အမှတ်(၅) ရပ်ကွက်အတွင်း၌လည်းကောင်း၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပိုးလောက်လန်းပေါက်ပွားနိုင်သော ရေအိုး၊ရေကန်၊ ဘုရားပန်းအိုး ၊ ရေစည် ၊ ရေပုံးများ၊ မိုးရေ တင်ကျန်နိုင်သည့် တာယာကွင်းများ၊ အိုးခွက်များအတွင်း ပိုးလောက်လန်း ပေါက်ပွားမှု မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေတွင်း၊ ရေကန်များနှင့် ရေသိုလှောင်ကန်တို့တွင် အဘိတ်ဆေးခတ်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း သိရသည်။

မူမူ