ကလေးမြို့တွင် ၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပွဲ အခမ်းအနား ကျင်းပ

ကလေး ဇွန် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ၂၀၂၄ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပွဲကို ကလေးခရိုင် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ယနေ့ နံနက် ၈ နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်က အဖွင့်အမှာစကား ပြောကြားပြီး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ပျိုးပင်များအား တာဝန်ရှိသူများသို့ ပေးအပ်ခဲ့ကြသည်။  ထို့နောက် ကလေးခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၃၀၀) ဦးတို့မှ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါ  မိုးရာသီအကြို  စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း (၁၀၀) ပင်၊ ပျဉ်းကတိုး(၁၀၀)ပင်၊ ပိတောက်(၁၀၀)ပင်၊ ကံ့ကော်(၁၀၀)ပင်နှင့် တမာ(၁၀၀) ပင်၊ ပျိုးပင်စုစုပေါင်း (၅၀၀) ပင်ကို သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)