ကျိုက်လတ်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ကျိုက်လတ်  ဇွန်  ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ဌာန ဆိုင်ရာရုံးများသို့ သွားရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စားအုန်းဆီရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ ကြီးကြပ်၍ စားအုန်းဆီ(၅၀)ကျပ်သား တစ်ဘူးလျှင် (၃၀၀၀)ကျပ်နှုန်းဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ စားသုံးဆီဖူလုံစေရေးအတွက်  ရောင်းချပေး ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် ကျိုက်လတ်မြို့နယ် ဆီကုန်သည်ကြီးများအသင်းနှင့် ဆီလုပ်ငန်းရှင်များ ပူးပေါင်းပြီး သတ်မှတ်ရက်များအလိုက် မြို့ပေါ်ရပ်ကွက်ကြီးများနှင့် ကျေးရွာများတွင်လည်း လှည့်လည်၍ အခြေခံလူတန်းစားများ စားသုံးဆီကို စျေးနှုန်းချိုသာစွာဝယ်ယူနိုင်ရန် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်မင်းအောင်