တနင်္သာရီ ဇွန် ၃
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခု၊ ပညာသင်နှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းမှစ၍ အခြေခံပညာ ကျောင်း(၈၀)ကျောင်းတိတိကို အေးချမ်းစွာ စတင်ဖွင့်လှစ်နိုင်ခဲ့ကြောင်း မြို့နယ်တာဝန်ခံပညာရေးမှူးထံမှ သိရှိရသည်။
တနင်္သာရီမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၁၄၁)ကျောင်းရှိသည့်အနက် ယနေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည့် အခြေခံပညာ ကျောင်းများစာရင်းမှာ အထက်တန်းကျောင်း(၁၄)ကျောင်း စာရင်းရှိသည့် အနက်(၁၃)ကျောင်း၊ အလယ်တန်း (၂၂)ရှိသည့်အနက် (၁၇)ကျောင်း၊ မူလတန်း(လွန်) (၁၆)ကျောင်းရှိသည့်အနက် (၁၃)ကျောင်း၊ မူလတန်း(၈၈)ကျောင်းအနက် (၅၇)ကျောင်း၊ ဘ/ကကျောင်း(၁) ကျောင် စသည်ဖြင့်စုစုပေါင်း (၁၄၁)ကျောင်းရှိသည့်အနက် (၁၀၁)ကျောင်းအား ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကြောင်း သိရပါသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)
 
     
     
     
     
     
    