ရွှေဘို ဇွန် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုတက္ကသိုလ်တွင် ဘာသာရပ်အလိုက် ဘွဲ့သင်တန်းများကို ယနေ့နံနက်ပိုင်းမှစတင်ကာ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး သင်တန်းနှစ်အလိုက် ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ထိုသို့ဘာသာရပ်အလိုက် သင်တန်းများဖွင့်လှစ်သင်ကြားရာသို့ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမျိုးမျိုး၊ ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာမြယဥ်ယဥ်ငြိမ်းနှင့် ပါမောက္ခဌာနမှူးများက ကျောင်းသား၊ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားပြီး သင်တန်းနှစ်အလိုက် သင်ကြားနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ရွှေဘိုတက္ကသိုလ်တွင်(၂၀၂၄-၂၀၂၅)ပညာသင်နှစ်နှင့် (၂၀၂၃-၂၀၂၄)ပညာသင်နှစ်တို့အတွက် ဘာသာရပ်အလိုက် သင်တန်းများကို ယနေ့ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိရာ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၃၅)ဦးတို့သည် အေးချမ်းစွာတက်ရောက်လျက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)