အုတ်တွင်း ဇွန် ၃
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ ကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်တွင် စာရင်းရှိ အခြေခံပညာအ ထက်တန်းကျောင်း(၇)ကျောင်း၊ အထက်တန်း ကျောင်းခွဲ(၇)ကျောင်း၊ အလယ်တန်းကျောင်း(၃)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၂၄)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၀၈)ကျောင်း၊ မူလတန်းကျောင်း(၁၆)ကျောင်း၊ မူလတန်းကျောင်းခွဲ(၃)ကျောင်း စုစုပေါင်း(၁၆၈)ကျောင်းရှိပြီး (၁၆)ကျောင်း ယာယီပိတ်ထားကာ (၁၅၂)ကျောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မေလ ၂၃ ရက်မှ စ၍ အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံခဲ့ပြီး ယနေ့အထိကျောင်းသားကျောင်းသူဦးရေ (၂၈,၃၁၉)ဦး လက်ခံ သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)