မအူပင် ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်တက္ကသိုလ်တွင် ဇွန်လ (၃)ရက်နေ့ နံနက်ပိုင်းမှစ၍ ကျောင်းသား၊ ကျောင်းသူများ ဘာသာရပ်အလိုက် ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။
အဆိုပါပညာသင်ကြားနေမှုများအား မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မအူပင်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနီနီဦးနှင့် ဒုတိယပါမောက္ခချုပ်များ၊ စီမံဘဏ္ဍာသင်တန်းဌာနမှူးများနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများမှ ကြည့်ရှု့အားပေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး၊ ကျောင်းတွင်း၊ ကျောင်းပြင်လုံခြုံရေး စသည့် ကိစ္စရပ်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)