မအူပင် ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဇွန်လ (၃)ရက်နေ့ နံနက်ပိုင်းမှစ၍ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
မအူပင်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၃၂၂)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၂)ကျောင်းတို့တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသာ၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါက်တာသန္တာဆွေနှင့် ဝန်ထမ်းများမှ ကြည့်ရှု့အားပေးခဲ့ကြပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)