အမာ ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ယနေ့နံနက်ပိုင်းက ကျောင်းများအားလုံး စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးမဝေးစေရန် အမာမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၃ ရက်မှ စတင်ပြီး ကျောင်းအပ်လက်ခံ ဆောင်ရွက်ကြရာ ဇွန်လ ၂ ရက်နေ့အထိ မူလတန်းကျောင်းသား၊ ကျောင်းသူ ၃၉၇ ဦး၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူ ၃၇၆ ဦး၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၂၁၂ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူပေါင်း ၉၈၅ ဦး ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကိုပညာရေးဝန်ကြီးဌာနက အခမဲ့ထောက်ပံ့သော ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များ ထုတ်ပေးခဲ့ကြောင်း အမာမြို့ အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းထံမှ သိရသည်။
အမာ (ပြန်/ဆက်)