ခန္တီး ဇွန် ၃
၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇွန်လ(၃)ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ခန္တီးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင်လည်း ယနေ့မှ စတင်ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ခန္တီးမြို့နယ်တွင် အခြေခံပညာကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စုစုပေါင်း (၉၁)ကျောင်း ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး တစ်မြို့နယ်လုံးအနေဖြင့် အထက်တန်းတွင် ကျောင်းသား/သူ(၁၀၇၁)ဦး၊ အလယ်တန်းတွင် ကျောင်းသား/သူ(၂၀၇၂)ဦး၊ မူလတန်းတွင် ကျောင်းသား/သူ (၆၆၆၂)ဦး ကျောင်းသား/သူ စုစုပေါင်း (၉၈၀၅)ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)