ခန္တီး ဇွန် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်မှစ၍ မိခင်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းမှာ ခန္တီးမြို့ပေါ် ရပ်ကွက်/ကျေးရွာများမှ အသက် (၉)လအရွယ် ကလေးငယ်များကို ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးများကိုလည်းကောင်း၊ အသက်(၁)နှစ်ခွဲ အရွယ်ကလေးငယ်များကို ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ) ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးများကိုလည်းကောင်း မိခင်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)