ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

ပေါက်ခေါင်း ဇွန် ၃

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့ဇွန်လ ၃ ရက်နေ့တွင် နိုင်ငံတစ်ဝန်းတွင် စတင်ဖွင့်လှစ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများအားလုံးဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသား ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)(၉)ကျောင်း၊ အလယ်တန်းကျောင်း(၁၁)ကျောင်း၊ အလယ်တန်း(ခွဲ)(၂၃)ကျောင်း၊ မူလတန်းလွန်(၅၅)ကျောင်း၊ မူလတန်းကျောင်း(၁၀၃)ကျောင်း၊ မူလတန်း(ခွဲ) (၁၀)ကျောင်းစုစုပေါင်း (၂၁၉)ကျောင်းနှင့် ကိုယ်ပိုင်‌ကျောင်း(၂)ကျောင်း၊ ဘုန်း‌တော်ကြီးပညာရေးကျောင်း(၄)ကျောင်းတို့တွင် KG တန်းမှ Grade-12 အထိ ကျောင်းသား ကျောင်းသူများကို သက်ဆိုင်ရာအတန်းများအလိုက် ဆရာ၊ ဆရာမများက သင်ကြားပေးလျက်ရှိ‌ကြောင်းနှင့် ယနေ့ဇွန်လ ၃ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်တစ်ခုလုံး၌ ကျောင်းသား၊ ကျောင်းသူ(၁၇၆၀၂)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)