အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ရာပြည့်အထိမ်းအမှတ် ရာပြည့်ကျောက်တိုင်စိုက်ထူနိုင်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ

သရက် ဇွန် ၃

မ‌ကွေးတိုင်းဒေသကြီး၊ သရက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ရာပြည့်အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူနိုင်ရေး မန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရာပြည့်သဘင်လှုံဆော်ရေး မြေစိုက်ဗီနိုင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ တပ်နယ်မှူး ဗိုလ်မှူးကြီးနိုင်အောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရာပြည့်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဆရာကြီး ဦးသိန်းဘော်၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးဇော်ညွန့်ဦးနှင့် ခရိုင်ပညာရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ရာပြည့်ကျောက်တိုင်စိုက်ထူနိုင်ရေးအတွက် တပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရာပြည့်ပွဲတော်ကျင်းပရေးကော်မတီ ဂုဏ်ထူးဆောင်နာယက ဦးစိုးလှမြင့်နှင့် တာဝန်ရှိသူအသီးသီးက ပန္နက်တင်စိုက်ထူခဲ့ကြကြောင်း သိရသည်။

ဇော်ထက်