ပန်းတနော်မြို့နယ်တွင် (၂၀၂၄- ၂၀၂၅) ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ပန်းတနော် ဇွန် ၃

(၂၀၂၄-၂၀၂၅) ပညာသင်နှစ် အခြေခံပညာကျောင်းများကို မြန်မာတစ်နိုင်ငံလုံးတွင် ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်လျက်ရှိရာ ပန်းတနော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ယူလျက်ရှိသည်။

အဆိုပါ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်သား၊ ကျောင်းသူများ၏ မိဘအုပ်ထိန်းသူများကလဲ လိုက်ပါပို့ဆောင်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် အခြေခံပညာကျောင်းများတွင် လုံခြုံရေး၊ ကျန်းမာရေး စသည့်ကိစ္စရပ်များအား ဆောင်ရွက်ထားကြောင်း သိရသည်။

ပန်းတနော်မြို့နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၄) ကျောင်း၊ အ.မ.က (ခွဲ) (၅) ကျောင်း၊ အ.မ.က (၂၀၆) ကျောင်း၊ မူလွန် (၂၃) ကျောင်း၊ အ.လ.က(ခွဲ) (၂၀) ကျောင်း၊ အ.လ.က (၆) ကျောင်း၊ အ.ထ.က(ခွဲ) (၁၆) ကျောင်း၊ အ.ထ.က (၁၆) ကျောင်းတို့ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ဆက်)