နတ်မောက်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

နတ်မောက် ဇွန် ၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်ပြီး ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း(၂၂၂)ကျောင်း၌ ကျောင်းအလိုက် ပညာသင်ကြားမှုမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် အခြေခံပညာကျောင်းတွင် ကျောင်းသား/သူ(၃၅၄၅၅)ဦး၊ ဘုန်းတော်ကြီးသင်ပညာပေးကျောင်းများတွင်(၁၁၄၇)ဦး စုစုပေါင်း (၃၆၆၀၂)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လှဝင်း