ငါးသိုင်းချောင်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ငါးသိုင်းချောင်း ဇွန် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ယနေ့၌ ကျောင်းများစတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျောင်းများစတင်ဖွင့်လှစ်ရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် တာဝန်ရှိသူများမှ လှည့်လည်ကြည့်ရှု့ခဲ့ပြီး ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် အမှိုက်ကင်းစင်ရေးအတွက် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ငါးသိုင်းချောင်းမြို့တွင် မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာကျောင်းများ၌ ရာနှုန်းပြည့် ကျောင်းအပ်လက်ခံဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်း (ပြန်ဆက်)