မုံရွာတက္ကသိုလ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားလျက်ရှိ

မုံရွာ ဇွန် ၃

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာတက္ကသိုလ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ်တို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများအား မေလ(၂၃)ရက်နေ့မှစတင်ပြီး ကျောင်းအပ်လက်ခံပေးလျက်ရှိရာ ယနေ့တွင် တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြားပေးရာ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မုံရွာတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တတိယနှစ်(ပထမနှစ်ဝက်)(၂၀၂၀)အောင် ကျောင်းသား ကျောင်းသူ(၄၈)ဦးနှင့် ဂုဏ်ထူးတန်း(ပထမနှစ်) (ပထမနှစ်ဝက်) (၂၀၂၀)အောင် (၂၆)ဦး၊ မဟာဘွဲ့(ဒုတိယနှစ်) (ဥပဒေ/ပညာရေး) (ပထမနှစ်ဝက်)တစ်ဦး၊ စုစုပေါင်း(၇၅)အား ကျောင်းအပ်လက်ခံပြီးစီးကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ် (ဒုတိယနှစ်ဝက်မှ ပါရဂူတန်းအထိ စာရင်းရှိ ကျောင်းသား ကျောင်းသူ(၁၃၀၀)ဦးသည်  ယနေ့ဇွန်(၃)ရက်မှစတင်ပြီး သက်ဆိုင်ရာဘာသာရပ်များအလိုက် အေးချမ်းပျော်ရွှင်စွာ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

အလားတူ မုံရွာစီးပွားရေးတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တတိယနှစ် (ပထမနှစ်ဝက်) (၂၀၂၀)အောင် ကျောင်းသား ကျောင်းသူ (၇၅)ဦးအား ကျောင်းအပ်လက်ခံပြီးစီးကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်(ဒုတိယနှစ်ဝက်မှ ပါရဂူတန်းအထိ စာရင်းရှိ ကျောင်းသား ကျောင်းသူ(၇၃၀)ဦးသည် ယနေ့ဇွန်(၃)ရက်မှစတင်ပြီး သက်ဆိုင်ရာဘာသာရပ်များအလိုက် အေးချမ်းပျော်ရွှင်စွာ တက်ရောက်သင်ကြားလျက်ရှိသည်။

ခရိုင်(ပြန်/ဆက်)