မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၇၂) ကျောင်းတွင် ကျောင်းသား/ သူများ ပညာသင်ကြားလျက်ရှိ

မြန်အောင် ဇွန်

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများအားလုံး ယနေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ပေါင်း(၂၇၂)ကျောင်းတွင် ကျောင်းသား/ သူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်ရောက် ပညာသင်ကြားနေမှုအား မြန်အောင်ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြန်အောင်ခရိုင်နှင့် မြို့နယ်ပညာဌာနမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများအား လိုက်လံကြည့်ရှုအားပေ ခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁၂) ကျောင်း၊ အ.ထ.က(ခွဲ) (၁၈)ကျောင်း၊ အ.လ.က (၁၄) ကျောင်း ၊ အ.လ.က(ခွဲ)၁၁ ကျောင်း၊ အ.မ.က(မူလွန်) (၅) ကျောင်း ၊အ.မ.က (၂၀၅) ကျောင်း၊ အ.မ.က (ခွဲ)(၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း(၄)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း (၂၇၂) ကျောင်းတွင် ကျောင်းသား/ သူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်)