မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို အခြေခံအိမ်ထောင်စုများအား သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချပေး

မြန်အောင် ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို အမှတ်(၁)ရပ်ကွက်အတွင်းရှိ အခြေခံအိမ်ထောင်စုများအား ယနေ့နံနက်က သတ်မှတ်စျေးနှုန်းဖြင့် စားအုန်းဆီ ပိဿာ ၃၃၀ ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အခြေခံအိမ်ထောင်စုဝင်များကို စားအုန်းဆီ တစ်ပိသာ ၅၇၀၀ ကျပ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် ငါးဆယ်ကျပ်သားရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးမြင့်နိုင်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုးဦး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမြင့်အောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့က ကြည့်ရှုအားပေး ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

 ဒေသခံပြည်သူများ အခြေခံစားသောက်ကုန် စားအုန်းဆီသန်မှတ်ရည်ညွှန်းစျေးဖြင့် ဝယ်ယူနိုင်ရန် မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ကုန်စုံဆိုင်များကို သတ်မှတ်ရည်ညွှန်းစျေးဖြင့် အလှည့်ကျ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦးထံမှ သိရသည်။

 ဝင်းဗိုလ် (ပြန်/ဆက်)