မင်းဘူး ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန် ၃ ရက်မှ စတင်ကာ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ ၂၉၉၃၆ ဦး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မင်းဘူး(စကု) မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၉ ကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ၂၇ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၂၆ ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်း (ခွဲ) ၁၀ ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း ၁၆ ကျောင်း၊ အခြေခံပညာမူလတန်း ကျောင်း ၅၉ ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်းခွဲ ၂ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၆ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ၃ ကျောင်းဖြစ်၍ စုစုပေါင်း ၁၅၈ ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၂၉၉၃၆ ဦး အေးချမ်းပျော်ရွှင်စွာ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)