မင်းလှ ဇွန် ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် (Kg) တန်းမှ Grade-12 တန်းအထိ အခြေခံပညာကျောင်းများကို ဇွန်လ ၃ ရက်နေ့မှ စတင် ဖွင့်လှစ်ခဲ့ရာ ကျောင်းသား/ကျောင်းသူ (၁၉၅၃၀)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် (ထက်၊ လယ်၊ မှု) အခြေခံပညာကျောင်းပေါင်း (၁၅၅)ကျောင်း၊ ကိုယ်ပိုင် ကျောင်း (၁) ကျောင်း၊ ဘ/က (၄)ကျောင်းရှိပြီး မူလတန်းအဆင့် (၁၃၁၇၂) ဦး၊ အလယ်တန်း အဆင့် (၄၄၄၂၄) ဦး၊ အထက်တန်းအဆင့် (၁၉၃၄) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၉၅၃၀)ဦးတို့ အေးချမ်းစွာတတ်ရောက်သင်ကြား၍ မြို့နယ်ပညာရေးမှူးရုံးမှ ကြီးကြပ်မှုဖြင့် ဆရာ/ဆရာမက အေးချမ်းစွာ ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ပေါက်စ (မင်းလှ)