ရွှေတောင် ဇွန် ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ ယနေ့စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ရွှေတောင်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း(၉)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(၈)ကျောင်း၊ အလယ်တန်းကျောင်း(၇)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၈)ကျောင်း၊ မူလတန်း(လွန်)ကျောင်း(၁၆) ကျောင်း၊ မူလတန်းကျောင်း (၁၃၀)ကျောင်း၊ မူလတန်းကျောင်း(ခွဲ)(၁)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၁)ကျောင်း စုစုပေါင်းအခြေခံပညာကျောင်း(၁၈၀)ကျောင်း ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားဦးရေ(၁၆၉၂၉)ဦး၊ ကျောင်းသူဦးရေ(၈၄၃၂)ဦး စုစုပေါင်း(၂၅၃၆၀)ဦး စတင်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)